မူလ စာအုပ် ဘာသာရေး အတ္ထုပ္ပတ္တိ စာကြည့်တိုက် မိန့်ခွန်း သတင်း
Wednesday, June 15, 2011
ကိုကိုကြွားဒေါပွ...........အမျက်ထွက်ချင်း
တစ်နေ့သော်ကား ကိုကိုကြွားတစ်ယောက်ဟာ တောထဲကို နွားစားဘို့မြက်ရှာရင်း၊ငုံးထောင်ရင်းဆိုပြီး အိမ်ကနေငုံးထောင်ဖို့ပိုက်တွေကို တောကို ယူသွားတယ်။ဒီလို့နဲ့တောကနေ ရွာကိုပြန်အလာ လမ်းမှာ တစ်ရွာတည်းနေ ကတ်သီးကတ်သတ်(ကြံကြံဖန်ဖန်)ပြောတတ်တဲ့ ကိုအောင်နဲ့တွေ့တဲ့အခါ ကိုအောင်ကစပြီး ဟေ့....ကိုကိုကြွား လက်ထဲမှာလည်း ငုံထောင်တဲ့ပိုက်တွေနဲ့ပါလား။ကိုကိုကြွားရယ် ငုံတွေကော တွေ့ခဲ့ရလား...........လို့ ကိုအောင်ကမေးတော့ ကိုကိုကြွားကလည်း .......သူ့မှာငုံဖမ်းလို့ရလာတယ်အကြောင်း ကြွားချင်တာနဲ့အတော်ပဲလို့ သူ့ရလာတဲ့ငုံးလေးကို ကိုအောင် ထုထ်ပြတယ် ပြီးတော့ ကိုကိုကြွားက ဘာဆက်ပြောလည်းမှတ်တယ်'""ဒီမှာကြည့် ငါရလာတဲ့ငုံက အသံက မေဆွိ ရုပ်ကတော့ မေသန်းနုဆိုပြီး လက်ထဲကိုကိုင်ပြတယ်ဆိုရုံပဲ အဒီအချိန်မှာ သူ့ကိုင်ထားတဲ့ငုံးက လျှက်တစ်ပြက်အောက်ကို ပြုတ်ကျသွားတယ်....ဒါနြဲ့ပန်ကောက်တယ် မရလိုက်ဘူး ငုံးကလည်း ပြေးရင်းနဲ့ကြွက်တွင်းထဲကိုဝင်သွားတယ် ဒါကို ကိုကိုကြွားက လက်ဖြင့် တွင်းထဲကို နိုက်တော့ ပါမလာဘူး စိတ်ကလည်းဆိုးဆိုးနဲ့ငုံးကြားအောင်ဆိုပြီး ပြောလိုက်တယ် """"""အေး...မင်းကသာ အနေခက် မယ် ငါကဆားနဲ့စားလည်း ကိစ္စမရှိဘူးလို့ ပြောလိုက်တယ်"""''ဘေးကကတ်သီးကတ်သတ်ကိုအောင်ကလည်း ပြာပြာသလဲ ကိုကိုကြွားဘာပြောလိုက်တာလည်းလို့ပြန်မေးတယ်...ကိုကိုကြွားကလည်း ဒီလိုလေကွာ ငါရလာတဲ့ငုံးက တောင်ပံအမွှေးတွေရော အကုန်လုံး နှုတ်ပြီးသားကွ ဒါကို ဒင်းက ငါလက်ထဲကနေ ရအောင်ထွက်ပြေးသွားတယ်...ဒါပေမဲ့ သူ့မှာ(ငုံး)အမွှေးမရှိတော့ ဘယ်လိုနေမလဲ အဲဒါကိုပြောချင်တာပါ..ငါက သူ့(ငုံ)ကိုမစားရလည်း ဘာမှမဖြစ်ပါဘူး...ဒါကြောင့် အထက်ပါအတိုင်း...မင်းကသာ အနေခက်မယ် ငါက ဆားနဲ့စားလည်း ကိစ္စမရှိဘူးလို့.....ပြောလိုက်တာပါကွာ.....ဘေးကကိုအောင်လည်း ဘာမှကိုပြန်မပြောနိုင်ဘူး ငိုင်ငိုင်ကြီးကျန်နေတောတာ့ပဲ......... ********မှတ်ချက်...ဒီစာလေးကို ဖတ်ရတဲ့အချိန်မှာ အမှားအယွင်းရှိပါကသာ စာရေးသူ၏အားနည်းချက်ဖြစ်ပါသည်။စာရေးသူသည် စာကိုကောင်းကောင်းမရေးတတ် ၀ါသနာအရင်းခံပြီး ရေးသားသောစာမျှဖြစ်၏ဒါကြောင့်ချို့ယွင်းချက်ရှိပါက အနူးအညွတ်တောင်းပန်ပါ၏********************** ရေးသားသူ--လင်းသူမင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment