Wednesday, June 1, 2011

နိုင်ငံခြားရောက် ရိုး,အ,လွန်းသူတစ်ယောက်

တစ်နေ့တွင် နိုင်ငံခြားရောက်ရွှေမြန်မာရိုးအလွန်းသူတစ်ယောက်ဟာ မကြာခင် သူ့၏မွေးရပ်မြေမှာကျန်ခဲ့တဲ့ မိသားစုဆီကို အလုပ်အကိုင် အဆင်ပြေတယ်အကြောငိး ကျန်းကျန်းမာမာရှိတဲ့အကြောင်းကို ဖုန်းဆက်ရန်အတွက် ဖုန်းကလည်းမရှိသေးဘူးပေါ့'ဒါနဲ့သူနှင့်အတူနေ အတူလုပ်နေတဲ့သူဆီက ဖုန်းဌါးပြီးတော့ သူ့၏ဇာတိမြေကို ဖုန်းခေါ်တယ် ဖြစ်ချင်တော့လည်း အဲဒီနေ့မှာပဲ သူငယ်ချင်းတွေက အလုပ်နားတဲ့အချိန် သူကလည်း ဖုန်းခေါ်နေတယ် ဘေးကသူငယ်ချင်းကလည်း သူတို့နားထောင်ချင်တယ်ဆိုပြီး စပီကာ(speaker)လက်ဆော့ပြီး ဖွင့်လိုက်တယ်။ဒီလိုခေါ်နေချိန်မှာဘဲ 'တစ်ဖက်ကပြန်ဖြေတယ် လူကြီးမင်းခေါ်ဆိုသော ဖုန်းမှာမအားသဖြင့် ခေတ္တစောင့်ဆိုင်းပြီးမှ ပြန်လည်ခေါ်ဆိုပါရှင်'လို့ပြန်ပြောတယ် အဲဒါကို ဒီငနဲသားက ဘာပြန်ပြောလည်းမှတ်တယ် အစ်မရေ အမြန်လေးခေါ်ပေးပါ....နှစ်ကြိမ်သုံးကြိမ်လောက်ကို မနားမနေ ပြန်ပြောတယ် ဒီမှာသူ့ငယ်ချင်းဖုန်းထဲက ပိုက်ဆံကုန်တော့မယ်'အမရေ..မြန်မြန်လေး...အော်ပြောတယ် ဘေးကသူငယ်ချင်းတွေကလည်း တအံ့တသြဖြစ်တဲ့သူကလည်းဖြစ် မနေနိုင်လို့ရယ်တဲ့သူကလည်း ရယ်တယ်...ဒါကိုဒီငနဲသားက သူငယ်ချင်းတွေ ကိုဘာပြောလည်းမှတ်တယ် ငါအိမ်ကိုခေါ်ခိုင်းတယ် သူတို့ကခေါ်မပေးကွာလို့ တောက်တစ်ချက်ခေါက်ပြီး မြည်းတွန်းလိုက်သေးတယ်.....ငါကိုဖုန်းထဲကကောင်မလေးက မနာလိုတောင် ဖြစ်လိုက်သေးတယ်......ရေးသူ-လင်းသူမင်း

No comments:

Post a Comment